ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနမှနန်း‌ကွ့နယ်‌မြေ-၆ မနောမြေပညာ‌ရေးစင်တာတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးထက်ကျော်သည် (၁၁-၅-၂၀၂၆)ရက်နေ့ (၀၉၀၀)အချိန် မြစ်ကြီးနားမြို့ နန်း‌ကွ့နယ်‌မြေ-၆ မနောမြေပညာ‌ရေးစင်တာတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ပြီး FireHotspot ဖြစ်ပေါ်မှူ တားဆီးရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှူ ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်များ ဟောပြောခဲ့ပါကြောင်း၊ ဟော‌ပြောပွဲသို့ မနောမြေ ပညာစင်တာ ဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ၊ ကျား(၃၁)ဦး မ(၂၁)ဦး၊ စုစုပေါင်း အင်အား (၅၂)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, May 13, 2026 - 17:30