ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်ပလန(၂) ကံ့ကော်မြိုင် ကျေးရွာတွင် FireHotspot ဖြစ်ပေါ်မှုလျှော့ချရေးနှင့် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေးအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်(၁၁.၅.၂၀၂၆)ရက်နေ့ (၁၁:၃၀) နာရီ အချိန်တွင် ပလန(၂) ကံ့ကော်မြိုင် ကျေးရွာတွင်သစ်တော မြေပြင်ပတွင် စိုက်ပျိုးထားသော ကျွန်းနှင့် သစ်မာပင်များအား မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးနှင့် သစ်တောဥပဒေဆိုင်ရာ အကြောင်းအရာများ အသိပညာပေးဟောပြောပွဲ"အား ဦးစီးအရာရှိ ဦးသက်ထွန်းဦးမှ ဦးဆောင်ဟောပြောခဲ့ပြီး ဆက်လက်၍ "FireHotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေး အသိပညာပေးဟောပြောပွဲ"အား တောအုပ်ကြီး ဦးအုန်းကိုကိုဝင်းမှ ဦးဆောင်ဟော ပြောခဲ့ပါသည်။ ပလန(၂) ကံ့ကော်မြိုင် ကျေးရွာမှ ဒေသခံပြည်သူ ကျား (၁၁)ဦး၊ မ (၅၂)ဦး၊ ပေါင်း (၆၃)ဦး တက်ရောက်ခဲ့ ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, May 13, 2026 - 17:30