သထုံမြို့နယ်၊ ဓနုကတိုက်ကျေးရွာ၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၁၄.၅.၂၀၂၆)ရက်နေ့၊(၉:၀၀)နာရီအချိန်၊သထုံမြို့နယ်၊ဓနုကတိုက်ကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံး၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးခြင်း ဟောပြောပွဲ" ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ဓနုကတိုက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် (ပါ)ကျေးရွာသူ/သားများ ကျား(၁၃)ဦး၊ မ(၄၈)ဦး၊သထုံမြို့နယ်မှ သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၆၄)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဟိန်းဘိုဟန်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ် ဖြင့် ဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, May 14, 2026 - 13:30