သထုံမြို့နယ်၊ ကတိုက်လေးကျေးရွာ၌ ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
(၁၃.၅.၂၀၂၆)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၊သထုံမြို့နယ်၊ကတိုက်လေးကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံး၌"ရေသယံဇာတ ထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲ´´ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကတိုက်လေးကျေးရွာမှအုပ်ချုပ်ရေးမှူးဦးမျိုးဦး(ပါ)ကျေးရွာသူ/ သားများ ကျား(၂၁)ဦး၊ မ(၃၁)ဦး၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေမှူး ဦးကျော်ကျော်လတ် အပါအဝင် ဝန်ထမ်း (၃)ဦးသထုံမြို့နယ်မှ သစ်တောဝန်ထမ်း (၃)ဦး၊ စုစုပေါင်း ကျား(၂၆)ဦး၊ မ(၃၂)ဦး၊(၅၈)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် သထုံမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးကျော်စိုးဟန်မှရေသယံဇာတ ထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ်မှ သစ်ဆွေးမြေဩဇာပြုလုပ်ခြင်းများအကြောင်းဟောပြောဆောင်ရွက်ကာ တက်ရောက်သည့် ရွာသူ/သားများကသိရှိလိုသည်များမေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


