မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ခရိုင်အဆင့်မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ( ၅.၆.၂၀၂၄) ရက်နေ့
နံနက်(၀၈း၀၀) နာရီအချိန်တွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ အမှတ်( ၁) အခြေခံပညာ အထက်တန်းကျောင်းပိုင်မြေနေရာ၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သထုံခရိုင်တပ်နယ်မှူး၊ ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ သထုံခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းစိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသူများနှင့်အခြားစိတ်ပါဝင်စားသူများ၊ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်တက်ရောက်ပြီး၊ ပိတောက် (၁၀၀) ပင်၊ ကံ့ကော် (၁၀၀) ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ မန်ဂျန်ရှား (၁၈၀) ပင်၊ စိန်ပန်း (၅၀) ပင်၊ ငုရွှေဝါ (၅၀) ပင်၊ စုစုပေါင်း သစ်ပင် (၅၈၀ ) ပင်ကို အောင်မြင်စွာ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 13:45