ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေး နင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ( ၁၇.၅.၂၀၂၆ )ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ဆွာမြို့၊အမှတ်(၅)ရပ်ကွက်၊ လင်းရောင်ခြည် ဓမ္မာရုံ တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံ ပြည်သူ ကျား(၄၄)ဦး၊ မ(၂၃)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၇၂)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးသူရအောင် မှ သစ်တောများ၏ အရေးပါမှု၊ သစ်တောများပြုန်းတီးရခြင်း၏ အကြောင်းရင်းများ၊ သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောထိန်းသိမ်းရေး၏ အကျိုးကျေးဇူးများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တောမီးကာကွယ်ရေးနည်းလမ်းများနှင့် တောမီးကြောင့် ဖြစ်ပေါ်လာရသည့်ဆိုးကျိုးများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများနှင့် လျှော့ချနည်းများ တို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, May 18, 2026 - 21:15