ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင် ၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၆-၅-၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန် တန့်ယန်းမြို့နယ်၊ ဟွေကြိမ်ကျေးရွာအုပ်စု၊ ဟွေဆော့ကျေးရွာ၊ ကျေးရွာခန်းမ၌ "ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင်က "သစ်တောထိန်းသိမ်းရေး၊ ရေချွေတာရေးနှင့် တောမီးကာကွယ်ရေး၊ မီးခိုးမြူ‌ငွေ့လျော့ချရေး"သိကောင်းစရာများ၊ တန့်ယန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှစိုးဝင်းက "ရွှေ့ပြောင်းတောင်ယာလျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေလျော့ချရေးဆိုင်ရာ" အသိပညာများအား ဟောပြောပို့ချခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား (၃၅)ဦး၊ မ (၂၅)ဦးစုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Monday, May 18, 2026 - 21:15