ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်မှ "မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ( ၁၈.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ ရွှေကြာပင်ကျေးရွာအုပ်စု၊ ရွှေကြာပင်ကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူ ကျား( ၃၂ )ဦး၊ မ( ၂၂ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၄ )ဦး၊ စုစုပေါင်း ( ၅၈ )ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးမျိုးသက်ခိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တောမီးကာကွယ်ရေးနည်းလမ်းများနှင့် တောမီးကြောင့် ဖြစ်ပေါ်လာရသည့် မီးခိုးမြူငွေ့ ၏ ဆိုးကျိုးများနှင့် လျှော့ချရေးနည်းလမ်းများ ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


