ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊မိုးညှင်းမြို့နယ်် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊မိုးညှင်းမြို့နယ်် သစ်တောဦးစီးဌာနမှ မိုးညှင်းမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ၁၈/၅/၂၀၂၆ ရက်နေ့ နံနက်ပိုင်း ၁၀:၀၀နာရီ အချိန် ဦးစီးအရာရှိ ဦးမင်းကိုကို ဦးဆောင်၍ ဦးစီးအရာရှိ ဦးမင်းကိုကိုမှ သစ်တောမြေပြင်ပစိုက်ပျိုးထားသည့် သစ်တောသစ်ပင်များ မှတ်ပုံတင်စာရင်း ရေးသွင်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့် တောအုပ်ကြီး ဦးသန့်ဇင်ဦးမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ရာ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊သစ်စက်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ဆင်ပိုင်ရှင်များ၊ ကျား (၁၅)ယောက်၊ မ ( ၂၉) ယောက်၊ သစ်တောဝန်ထမ်း (၁၂) ယောက် စုစုပေါင်း (၅၆)ယောက် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, May 18, 2026 - 21:15