မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ'' ကျင်းပ
(၁၇.၅.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ သစ်တောဉီးစီးဌာနမှ မောင်ငံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ မောင်ငံကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၄၈)ဦး မ (၈) ဦးနှင့် မော်လမြိုင်မြို့နယ် သစ်တော ဝန်ထမ်းကျား (၅)ဦး၊ စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းေကာင်း၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်မှ "ရေချွေတာရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


