ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး (၁)ဦး၊ ရပ်မိရပ်ဖ(၃)ဦး၊ ကျေးရွာတောင်သူကြီးများ ကျား(၅၃)ဦး၊မ(၂၂)ဦး စုစုပေါင်း(၇၅)ဦး၊ ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်စိုး ပါသစ်တောဝန်ထမ်း(၃)ဦး၊ ကော့မှူးမြို့နယ်မီးသတ်ဦးစီးဌာနမှ၊ မီးသတ်ဦးစီးမှူးပါမီးသတ်ဝန်ထမ်း(၂)ဦး စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ပါသည်။ဆွေးနွေးဟောပြောပွဲတွင် ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်စိုး မှ သစ်တောများကပေးစွမ်းနိုင် သောအကျိုးကျေးဇူးများ၊ မြန်မာ နိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်း ရင်းများ၊ ကမ်းရိုးတန်းတစ်လျောက် ဒီရေတောများဖြစ်ပေါ်လာစေရေနှင့် သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့်တောမီးလောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များ ၊အမှိုက်များ မီးရှို့၍ဖြစ်ပေါ်လာသည့်လေထုညစ်ညမ်းမှုများကြောင့်၊ အပင်များရှင်သန်မှုလျော့နည်းလာခြင်း၊စပါးအထွက်နှုန်းကျဆင်းလာခြင်းအကြောင်းများ၊ Fire Hotspots အကြောင်းများ၊ရိုးပြတ်များ၊ အမှိုက်များအား မီးမရှို့ဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊ ရိုးပြတ်များအားထိမ်းချုပ်စနစ်ဖြင့် မီးရှို့ခြင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ သီးနှံသစ်တောရောနှောစိုက်ပျိုးရေး မီးဘေးလုံခြုံ ရေးဆိုင်ရာအကြောင်းများ ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။



