သထုံမြို့နယ်၊ နောင်ကုလားကျေး ရွာ၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၁၉.၅.၂၀၂၆)ရက်နေ့၊(၁၃:၀၀)နာရီအချိန်၊သထုံမြို့နယ်၊နောင်ကုလားကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌"သစ် တောထိန်းသိမ်းရေး၊တောမီးကာ ကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲ"ကျင်းပပြုလုပ်ရာဟောပြော ပွဲသို့ နောင်ကုလားကျေးရွာအုပ် ချုပ်ရေးမှူးဦးအောင်မိုး(ပါ)ကျေး ရွာသူ/သားများ ကျား(၄၄)ဦး၊မ(၇) ဦး၊သထုံမြို့နယ်မှ သစ်တောဝန်ထမ်း(၄)ဦး၊စုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင်သထုံမြို့နယ်၊သစ်တောဦးစီး ဌာနမှတောအုပ်ကြီးဦးဟိန်းဘိုဟန် မှသစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းမှသတင်းရရှိသည်။



date:
Wednesday, May 20, 2026 - 21:30
