တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊၂၀၂၄ ခုနှစ်၊မိုးရာသီခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊မိုးရာသီ ခရိုင်အဆင့်သစ်ပင်စိုက်ပျိုးပွဲတော်ကို ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ တိလောကရုံစာသင်တိုက် ဘုန်းကြီးကျောင်းအတွင်း (၇.၆.၂၀၂၄)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူး၊ စခန်းမှူး (ခမောက်ကြီးမြို့)၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန(ခမောက်ကြီးမြို့) ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း(၁၀၅)ဦး တက်ရောက်ပြီး မဟော်ဂနီ (၅၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ မန်ဂျန်ရှား(၂၄၀)ပင်၊ စုစုပေါင်း(၃၄၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Sunday, June 9, 2024 - 20:00