သထုံခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သထုံမြို့နယ်၊သစ်တောဦးစီးဌာနတို့ပူးပေါင်း ၍သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

(၁၉.၅.၂၀၂၆)ရက်နေ့၊ (၁၀:၀၀)နာ ရီအချိန်၊‌ပေါင်မြို့နယ်၊ပေါင်းရပ် ကွက်၊အခြေခံပညာအထက်တန်း ကျောင်း ၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပ ညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ကျောင်း အုပ်ဆရာမကြီးဒေါ်ချိုလွင်ဦး(ပါ) ဆရာ/မများ၊ကျောင်းသား/သူများ၊ ပေါင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲကျော်ယနှင့်ရပ်ကွက်သူ/သားများ နှင့် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း (၁၁)ဦး၊ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးသံစဥ်မှူး၊ ကျား (၄၄)ဦး၊မ(၈၀)ဦး၊စုစုပေါင်း(၁၂၄) ဦးတက်ရောက်ခဲ့ကြ ပြီးအဆိုပါဟောပြောပွဲတွင် သထုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးသံစဥ်မှူးမှမီးခိုးမြူငွေ့ညစ်ညမ်း မှုကြောင့်ဖြစ်ပေါ်လာသာနောက် ဆက်တွဲ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များအကြောင်းအားလည်း ကောင်း ဆွေးနွေးဟောပြောခြင်း၊ပညာပေး video clip ပြသခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/ သူများ၊ရပ်ကွက်သူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, May 20, 2026 - 21:45