တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊သစ်တောဦးစီးဌာနမှရေချွေတာသုံးစွဲရေးအသိပညာပေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေးအသိပညာပေးဟောပြောပွဲကို( ၂၀-၅-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၌ ထားဝယ်မြို့နယ်၊ ဝဲကျွန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဝဲကျွန်းရပ်ကွက်နေ ဒေသခံ ပြည်သူကျား(၂၉)ဦး၊ စုစုပေါင်း(၂၉)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင်မှရေချွေတာသုံးစွဲရေးခေါင်းစဉ်ဖြင့် ရေသယံဇာတအရင်းအမြစ်များ ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍
ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် တက်ရောက်သူများအားအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, May 20, 2026 - 21:45