ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး၊ ရေသယံဇာတများနှင့် ရေချွေတာရေး အသိပညာပေးဟောပြောပွဲကျင်းပ(မြို့နယ်အဆင့်)
(၂၀-၅-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊ ရေချွေတာသုံးစွဲရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၊ ဦးစီးအရာရှိ ဦးဖြိုးဝေအောင်မှ" သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအကြောင်းအရာများ၊ ရေချိုသယံဇာတအရင်းအမြစ်များနှင့် ရေချွေတာရေး အကြောင်းသိကောင်းစရာများ"ကိုဟောပြောပို့ချခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းအောင်မှ " EM ဖျော်ရည်ပြုလုပ်သုံးစွဲနည်း၊ မီးခိုးမြူငွေ့လျှော့ချနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ဆောင်ရန်ရှောင်ရန်များ" အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါေကြာင်းနှင့်တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာန မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၄:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှ(၃)ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ(၂)ဦး၊ သင်တန်း ဆရာမများ၊ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျား (၂၄) ဦး ၊ မ(၄၅)ဦး စုစုပေါင်း (၆၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။


