ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ဓမ္မာရုံတွင်သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ဓမ္မာရုံတွင်(၂၁.၅.၂၀၂၆)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးထွဋ်က သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ခြင်းမှ မီးလောင်ကျွမ်းမှုမဖြစ်အောင် ဝါယာကြိုးသွယ်တန်းမှုကို စနစ်တကျသွယ်တန်းရန်၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ဒေသခံပြည်သူများကို အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။အဆိုပါဟောပြောပွဲသို့ ကြည်မြင်တိုင်မြို့နယ်၊မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး၊ ဒေသခံပြည်သူ(၁၀၀)ဦး
စုစုပေါင်း(၁၀၇)ဦး၊ ကျား(၁၀၅)ဦး၊ မ(၂)ဦးတို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။



