ပဲခူးခရိုင်၊ပဲခူးမြို့နယ်၏ကဝမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၏ကဝမြို့နယ် အတွင်း၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား (၁၃-၆-၂၀၂၄)ရက်နေ့၊ နံနက် (၉:၁၅)အချိန်တွင် ကဝမြို့နယ်၊ ပိုင်ကျုံကြီးကျေးရွာနှင့် ဝက်ကုန်းကျေးရွာ ကုန်ထုတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပိုင်ကျုံကြီးနှင့် ဝက်ကုန်ကျေးရွာရှိ ရွာသူရွာသားများ၊ ကျောင်းသားကျောင်းသူများ အပါအဝင်လူဦးရေစုစုပေါင်း(၂၃၅)ဦးတို့မှ ပိုင်ကျုံကြီးကျေးရွာ နှင့် ဝက်ကုန်းကျေးရွာရှိ ကုန်ထုတ်လမ်း လမ်းဘေးဝဲယာတစ်လျှောက်၌ အရိပ်ရအပွင့်ပွင့် သည် သစ်၊ တိုင်၊ မျှော ရရှိသည့် သစ်မျိုးများ ပန်းအလှအရိပ်ရသစ်မျိုးများ(၈)မျိုး၊ စားသုံး သီးပင်များ(၃)မျိုး စုစုပေါင်းသစ်မျိုး(၁၁)မျိုး ပျိုးပင်ပေါင်း (၂၂၀၀ )ပင်အား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 13, 2024 - 21:15