တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၁-၅-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်၌ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးရုံးခန်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးပါ ဝန်ထမ်း(၂)ဦး၊ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်‌ရပ်မိရပ်ဖများ၊ ‌ရပ်ကွက်သူ/ရပ်ကွက်သား(၃၄)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး၊ပေါင်း ကျား(၃၁)ဦး၊မ(၁၁)ဦး၊ စုစုပေါင်း(၄၂)ဦးတက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် တနင်္သာရီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖိလစ်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးသစ်တောဦးစီးဌာန၊ တောအုပ် ဦးဇေယျာမိုးမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တောအုပ် ဦးမောင်မောင်ကျော်မှ ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ နှင့် ၂၀၂၆ခုနှစ်(မိုးရာသီ)လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, May 22, 2026 - 15:00