တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊၂၀၂၄ ခုနှစ်၊ မိုးရာသီမြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ၂၀၂၄ ခုနှစ်၊ မိုးရာသီမြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို သရက်ချောင်းမြို့ အမှတ် ၄၀၃ ခြေမြန်တပ်ရင်တွင် (၁၅.၆.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင် စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တပ်နယ်မှူးနှင့်အမှတ် ၄၀၃၊ ၄၀၄၊ ၄၀၅ တို့မှ တပ်ရင်းမှူးများ၊ တပ်မိသားစုဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးအဖွဲ့နှင့် မိခင်နှင့့််ခလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများ၊ ရပ်ကွက်/ကေျးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ပြည်သူ လူထုများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်၍ ကံ့ကော် (၂၅)ပင်၊ စိန်ပန်း (၂၅) ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ ပိတောက် (၅၀)ပင်၊ ပျဉ်းမ (၂၅)ပင်၊ မဟော်ဂနီ (၅၀)ပင်၊ မန်ဂျန်ရှား(၂၂၅)ပင်၊ မယ်ဇလီ(၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)ပင်အား စိုက်ပျိုးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

date: 
Saturday, June 15, 2024 - 19:00