ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊၂၀၂၄-ခုနှစ်၊ ဒုတိယအကြိမ် ပြည်နယ်အဆင့်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၁၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ဇခုန်လမ်းဘေးဝဲယာတလျောက်၌ ၂၀၂၄-ခုနှစ်၊ ဒုတိယအကြိမ်
ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပခဲ့ပြီး အမြင့်၂ပေနှင့် အထက် (၂) နှစ်သားအရွယ် ပျဉ်းကတိုး (၄၆၃)ပင်၊ မယ်ဇလီ(၅၆၅)ပင် စုစုပေါင်းပျိုးပင်(၁၀၂၈)ပင်ကို အတန်းလိုက်စိုက်ပျိုးခဲ့ကြပါသည်။ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မော်ဖောင်းကျေးရွာပြည်သူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များဖြင့် အင်အား(၂၅၀)ဦး တက်ရောက်၍ သတ်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင် စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 15, 2024 - 19:00