ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာမှ”မီးခိုး/မြူငွေ့လျှော့ချရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မီးခိုး/မြူငွေ့လျှော့ချရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားအား(၂၁.၅.၂၀၂၆)ရက်နေ့(၁၂:၀၀)နာရီအချိန်၌ ကေတုမတီမြို့သစ်၊ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၂)ဦး၊ရပ်ကွက်အုပ်ချုပ်ရေးမှူး/ရာအိမ်မှူ:(၂)ဦး၊ဒေသခံပြည်သူကျား(၁၄)ဦး၊မ(၅၂)ဦး စုစုပေါင်း(၇၀)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှတောအုပ်ကြီးဦးလှဝင်းအောင်မှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများကိုဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများမှသိရှိလိုသည်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



