ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ခရိုင်သစ်တောဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ)(GTI)ကျောင်းတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ တော်ကို(၁၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)(GTI) ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ တောင်ငူခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ပျိုးပင်များကို အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ)(GTI) ဒုတိယပါမောက္ခ၊ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများထံပေးအပ်ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရိုင်နှင့် မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသားကျောင်းသူ (၃၅၀)ဦးခန့်တို့က ပျိုးပင်များအား စိုက်ပျိုးကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ်မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ခရေ၊ စိန်ပန်းပြာ၊ ကံ့ကော်၊ ပိတောက်၊ မဟော်ဂနီ၊ စိန်ပန်းနီ၊ ရေတမာ၊ အာဆီယံသပြေ၊ ကုက္ကိုလ်၊ ယင်းမာ၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင်(၆၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 15, 2024 - 19:00