ကချင်ပြည်နယ် သစ်တောဦးစီးဌာန မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်သဇင်မြိုင်ကျေးရွာ စာကြည့်တိုက်ခန်းမ၌ သစ်တောထိမ်းသိမ်းရေး/ တောမီးကာကွယ်ရေး/ရေချွေတာသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ် သစ်တောဦးစီးဌာန မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် (၂၁.၅.၂၀၂၆)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ပလန(၄)သဇင်မြိုင်ကျေးရွာ စာကြည့်တိုက်ခန်းမ၌ သစ်တောမြေပြင်ပတွင်စိုက်ပျိုးထားသောကျွန်းနှင့်သစ်မာပင်များမှတ်ပုံတင်ပြုလုပ်နိုင်ရေး /သစ်တောထိမ်းသိမ်းရေး/ တောမီးကာကွယ်ရေး/ရေချွေတာသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား တောအုပ်ကြီးဦးအုန်းကိုကိုဝင်းမှ ဦးဆောင်ဟောပြောခဲ့ရာ ဒေသခံပြည်သူ ကျား(၂၅)ဦး မ(၂၈)ဦး စုစုပေါင်းအင်အား(၅၃)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။



date:
Friday, May 22, 2026 - 15:00
