မင်းလှမြို့နယ်၊သစ်တော ဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး​မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲအား (၂၂.၅.၂၀၂၆) ရက်နေ့၊ နံနက်(၀၈း၄၅)အချိန် မင်းလှမြို့နယ်၊ထောက်ကြံ့ကွင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ‌ကျား(၂၉)ဦး၊ မ (၃၃)ဦး၊ သစ်​တောဦးစီးဌာနမှ ၀န်ထမ်း(၃)ဦး၊ မီးသတ်ဦးစီးဌာနမှမီးသတ်ဝန်ထမ်း(၃)ဦးစုစုပေါင်း (၆၈)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ​တောအုပ်ကြီး ဦး‌စိုးသန်းမြင့်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်​မီးသတ်ဦးစီးဌာနမှူးဦးဝင်းနိုင်ဦးမှမီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊တောအုပ် ဦး​နေလင်းအောင်မှတရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Sunday, May 24, 2026 - 11:30