ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀) အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ( ၂၃.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊အမှတ်(၆)ရပ်ကွက်၊ ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူ ကျား( ၁၆ )ဦး၊ မ( ၂၈ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၄)ဦး၊ စုစုပေါင်း ( ၄၈ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးဇော်လင်းနိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Sunday, May 24, 2026 - 11:30