ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

လားရှိုးမြို့နယ်၊သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို(၂၃-၅-၂၀၂၆)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်၌ လားရှိုးမြို့နယ်၊ ရပ်ကွက်(၁)၊ အေးချမ်းသာယာခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ ကျား(၃၀)ဦး၊ မ(၄၁)ဦး၊ပေါင်း (၇၁)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၈)ဦး၊ စုစုပေါင်း (၇၉)ဦး တက်ရောက်ခဲ့ကြပါသည်။လားရှိုးမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိမှ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဥပဒေဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင် တက်ရောက်လာသူများအား သစ်တောဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, May 25, 2026 - 13:45