ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင် ၊ရေတာရှည်မြို့နယ်မှသစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို (၂၄.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၁:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ခင်တန်းကြီးအုပ်စု၊ကျောက် ချောင်းကျေးရွာ၊ ကျောက်ချောင်းဘုန်းတော်ကြီးကျောင်း၊ အဝေရာဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ကျား(၁၅ )ဦး၊ မ(၂၅ )ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊စုစုပေါင်း(၄၄ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးဆန်းဦးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

