ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပေးဟောပြောပွဲ'ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး မြူငွေ့လျော့ချရေးဆိုင်ရာအသိပေးဟောပြောပွဲအခမ်းအနားအား (၂၃-၅-၂၀၂၆)ရက်နေ့ (၉:၄၅) နာရီအချိန်၌ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၂)ရပ်ကွက်၊ ရာအိမ်မှူး ဦးညွှန့်ဝင်း၏ နေအိမ်ခြံဝန်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း (၃)ဦး၊ဒေသခံပြည်သူ ကျား(၂၆)ဦး ၊မ(၁၅)ဦး ၊စုစုပေါင်း(၄၁)ဦးတတ်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာန မှူးရုံးမှတောအုပ်ကြီးဦးဇော်မင်းဦးမှ သစ်တောထိန်းသိမ်းရေးနှင့် တောမီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ တောအုပ် - ဦးကျော်သီဟမှမီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ဟောပြောပို့ချခဲ့ပြီး တတ်ရောက်လာသူများမှသိရှိလို သည်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, May 25, 2026 - 14:00