သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် တောင်ကြီး (ထင်း)ကြိုးဝိုင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ

သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် တောင်ကြီး (ထင်း)ကြိုးဝိုင်းအတွင်း (၁၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၈:၃၀)တွင် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး(၄)ဦးမှ သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာ၊ ဒေသခံပြည်သူများအား သစ်ပင်များ ပေးအပ်ခဲ့ပါသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ပြည်နယ်တရားသူကြီးချုပ် ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ တက္ကသိုလ်/ ကောလိပ်/သင်တန်းကျောင်းမှ ဆရာ/ဆရာမ
နှင့်ကျောင်းသူ/ကျောင်းသားများ၊ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများစုပေါင်း၍ သစ်ပင်စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုး ပွဲသို့ လူထုတက်ရောက် အင်းအား(၁၁၀၀)အင်းအား တက်ရောက်ပြီး ထင်ရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မာတာကွတ်၊ စွယ်တော်၊ အာဖရိကန်ကျူးလစ် စုစုပေါင်း (၁၁၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Sunday, June 16, 2024 - 11:00