ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ၊ ဂဠုန်တောင်ဘုန်းကြီးကျောင်း၌မီးခိုးမြူငွေ့လျော့ချရေး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ၊ ဂဠုန်တောင်ဘုန်းကြီးကျောင်း၌ (၂၄-၅-၂၀၂၆)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင်မီးခိုးမြူငွေ့လျော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဂျိတ်တောနှင့်တပ်ကုန်းကျေးရွာရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ(၂၈)ဦး၊ မြန်အောင်မြို့နယ်သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းကျား(၃၁)ဦး၊ မ(၂)ဦးတက်ရောက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကောင်းခန့်ကျော်က *မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှုအခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ၊တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏အရေးပါမှုအကြောင်းအရင်းများနှင့် ပျက်စီးပြုန်းတီးရခြင်းအကြောင်းအရင်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေ သည့်လုပ်ငန်းများ* အားလည်းကောင်း၊ တောအုပ် ဦးကျော်ဇင်ဦး က *သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊ ပြည်သူလူထူပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး* အားလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


