ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့၊ သစ်တောဦးစီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကျုံပျော်မြို့၌ (၁၅- ၆ -၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင်၂၀၂၄ ခုနှစ်၊
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့၊ သစ်တောဦးစီးဌာန၊ ကျုံပျော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသ အပူချိန် လျှောချနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄-ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ခဲပေါင်တံတားအဆင်း၊ တောချောင်းအုပ်စု၊ ရှမ်းစုကျေးရွာတွင် စုပေါင်းသစ်ပင်စိုကပျိုးခဲ့ကြပါသည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းတို့က ပျိုးပင်များအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်သွယ်သွယ်မိုးတို့ထံပေးအပ်သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် သစ်တောဦးစီး ဌာန ဦးစီးအရာရှိ ဦးတင်ထူးနိုင်နှင့် သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စုစုပေါင်း (၁၃၅)ဦးတို့က ကျွန်း (၁၀၀)ပင်နှင့် ပျဉ်းကတိုး(၅၀) ပင်၊ မန်ဂျန်ရှား(၇၅)ပင်၊ ကံ့ကော်(၅၀)ပင်၊ မဟော်ဂနီ(၂၅)ပင်၊ စုစုပေါင်းအပင် (၃၀၀)အား စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

date: 
Sunday, June 16, 2024 - 11:15