ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ဆီဆိုင်မြို့နယ်၊သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးနှင့် အသိပညာပေးဟောပြောပွဲ''ကျင်းပ

(၂၅.၅.၂၀၂၆)ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၊ဓမ္မာရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် အသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ နောင်ကျောကျေးရွာအုပ်ချုပ်ရေးမှူးပါကျေးရွာသားများ ကျား (၁၂၂)ဦးနှင့် ဆီဆိုင်မြို့နယ် သစ်တော ဝန်ထမ်းကျား(၄)ဦး၊ စုစုပေါင်း(၁၂၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် ဆီဆိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမိုးအောင်နိုင် မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးတင့်ဇော်လွင်မှ သဘာဝရေထွက်တော/ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, May 25, 2026 - 15:30