ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ဖြူးချောင်းဆည်မြောင်းဝန်းအတွင်း ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဖြူးချောင်းဆည်မြောင်းဝန်းအတွင်း ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အား(၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်-မန္တလေးအမြန်လမ်း ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဝန်ထမ်းများနှင့် ပြည်သူလူထု စုစုပေါင်း(၁၂၅)ဦးဖြင့် ကျွန်း(၂၀၀) ပင်၊ ပျဥ်းကတိုး(၅၀)ပင်၊ ပိတောက်(၅၀)ပင်၊ ယမနေ(၅၀)ပင်နှင့် မန်ဂျန်ရှား(၅၀) ပင် စုစုပေါင်းပျိုးပင်(၄၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါသည်။

date: 
Monday, June 17, 2024 - 15:00