ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သစ်တောဦးစီး ဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
(၁၇-၆-၂၀၂၄)ရက်နေ့၊ (၀၇:၃၀)အချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သစ်တောဦးစီး ဌာန၊ ဖျာပုံမြို့ အ.ထ.က(၁)ဘောလုံးကွင်း၀န်းအတွင်း ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုတိုက်ဖျက် ရေးနေ့ အထိန်းအမှတ် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ခစဖဥက္ကဌ ဦးတင်လင်းနှင့် ဇနီး(ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ) ဒေါ်ခင်စန္ဒာဦး၊ မစဖ ဥက္ကဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ထွေ/ အုပ်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဇံရွှေနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ပြီး မန်ဂျန်ရှား(၁၅၀)၊ ပျဥ်းကတိုး(၅၀)၊ မယ်ဇလီ (၅၀)၊ ယမနေ(၅၀)၊ ကဗွီး(၅၀)၊ စိန်ပန်း(၅၀)၊ ခရေ(၅၀)၊ မဟော်ဂနီ (၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)အားစိုက်ပျိုးခဲ့ပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-432024dd579b5785f0a37555628f260c-V.jpg?itok=MiRPhQQy)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-a98b9f76ea9e551f5f4767bbcb0d7218-V.jpg?itok=ngRu545R)