ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်မှရေအရင်းအမြစ်နှင့်ရေချွေတာသုံးစွဲရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီရေအရင်းအမြစ်နှင့်ရေချွေတာသုံးစွဲရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၅.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊သာဂရကျေးရွာအုပ်စု စျေးတန်းမူလတန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သာဂရကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူ ကျား( ၂၃)ဦး၊မ(၁၈)ဦးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း( ၄)ဦး၊ စုစုပေါင်း(၄၅)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးရဲမြင့် မှ ရေအရင်းအမြစ်နှင့်ရေချွေတာသုံးစွဲရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိ ပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


