တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)ကျင်းပ

(၁၈.၆.၂၀၂၄)ရက်နေ့ ၊ နံနက်(၀၈း၀၀)နာရီတွင် တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော် (ဒုတိယအကြိမ်) ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦး ခန့်တက်ရောက်ပြီး(၂)ပေနှင့်အထက်ပျိုးပင် မန်ဂျန်ရှားပျိုးပင် (၁၀၀၀)ပင်၊ ပျဥ်းမပျိုးပင် (၂၀၀)ပင် ၊ စုစုပေါင်းပျိုးပင် (၁၂၀၀)ပင်ကို တပျော်တပါးစိုက်ပျိုးခဲ့ပါသည်။

date: 
Wednesday, June 19, 2024 - 10:15