ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်ကျေးရွားထင်းစိုက်ခင်းတစ်ရွာ(၂)ဧကစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်(၁၈.၆.၂၀၂၄ )ရက်နေ့၊ နံနက် (၀၇း၄၅)အချိန် မြောက်နဝင်းရွာသစ်ကြီးကျေးရွာတောင်ဘက်တွင် ကျေးရွားထင်းစိုက်ခင်း တစ်ရွာ(၂)ဧက စိုက်ပျိုးခြင်းအား ပြည်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဉီးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသူကျောင်းသားများ ရပ်မိရပ်ဖများ မြောက်နဝင်းရွာသစ်ကြီး ကျေးရွာသူ ရွာသားများ စုစုပေါင်းအင်အား(၃၀၀)ဦးတို့ဖြင့် မန်ဂျန်ရှား/မယ်ဇလီ (၂၄၂၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းနှင့် သစ်ပင်စိုက်ပျိုးပြီး (၀၉း၀၀)နာရီအချိန် ပြည်ခရိုင်၊ ပြည်မြို့မွေးမြူ ရေးဇုန်အတွင်း သီးပင်စားပင်နှင့် အရိပ်ရအပင်(၁၅၀၀)ပင် အားဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, June 19, 2024 - 10:30