ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းနှင့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပ

(၁၈.၆.၂၀၂၄)ရက်နေ့၊ နံနက်(၉း၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် FD-KFS REDD+ စီမံကိန်းနှင့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာပင်အိုင် ကျေးရွာ ရန်ကုန်- မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၃)မိုင်(၆)ဖာလုံအနီးတွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေ သနဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးတင့်-၁ ပါ သစ်တောသုတေသနဌာနဝန်ထမ်း(၃)ဦး၊ ကျောက်တံ ခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း(၂၅)ဦး၊ ကြာအင်း ကုန်းကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ(၈၀)ဦး စုစုပေါင်း(၁၀၈)ဦးတို့ဖြင့် ကျွန်း(၁၀၂၅)ပင်၊ မန်ဂျန်ရှား(၂၆၄)ပင်နှင့် သီးပင်စားပင်များဖြစ်သည့် ကျွဲကော(၉၄)ပင်၊ ပိန္နဲ(၈၄)ပင်၊ သရက်(၈၄) ပင် စုစုပေါင်း(၁၅၅၁)ပင်တို့အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

date: 
Wednesday, June 19, 2024 - 10:45