မော်လမြိုင်ခရိုင်၊မော်လမြိုင်မြို့နယ်၊ သစ်တောဉီးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေး၊ရေချွေတာရေး၊တရားမဝင်သစ်လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၂၆.၅.၂၀၂၆) ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊သစ်တောဉီးစီးဌာနမှ ညောင်ပင်ဆိပ်ရပ်ကွက်၊ အလယ်ဓမ္မာရုံ၌သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေး၊ ရေချွေတာရေး/တရားမဝင်သစ်ဖမ်းဆီးရမိရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဒေသခံကျေးရွာသူ/သားများ ကျား (၃၀)ဦး မ(၂၈)ဦးနှင့် သစ်တောဝန်ထမ်းကျား (၄)ဦး၊စုစုပေါင်း (၆၂)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ ကသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်က ရေချွေတာရေးနှင့် တရားမဝင်သစ်လျော့နည်းပပေါက်စေရေးကိုလည်းကောင်းဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


