မိုင်းဖြတ်မြို့နယ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(မြို့နယ်အဆင့်)ကျင်းပ

(၂၀.၆.၂၀၂၄)ရက်နေ့(၀၈:၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ၂၀၂၄ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ(မြို့နယ်အဆင့်)ကိုမိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်၀င်းအတွင်းကျင်းပရာ၊ စကခ(၁၈)စစ်ဆင်ရေးကွပ်ကဲရေးမှူးအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးပါ ဌာနဆိုင်ရာများရပ်မိ/ရပ်ဖနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၉၈)ဦးမှ ကျွန်း (၁၅၀)၊မန်ဂျန်ရှား(၂၀၀)၊ မဲဇလီ(၁၅၀)၊ ပန်းမဲဇလီ(၁၅၀)၊ ငုစပ်(၆၀)၊ စိန်ပန်းနီ(၅၀)၊ ခရေ(၃၀)၊ ကံ့ကော်(၂၀)၊စုစုပေါင်း(၈၁၀)ပင်အားစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 20, 2024 - 15:15