ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဘိုကလေးမြို့နယ်ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာဘုန်းကြီးကျောင်းတွင် မီးခိုးမြူငွေ့လျော့ချရေး၊ တ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၆၊ ၅ ၊ ၂၀၂၆ ) ရက်နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်၊ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဘိုကလေးမြို့နယ် ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုးမှ "မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး" အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၂ ဦး၊ ကျေးရွာသား(၁၀၁) ဦး၊ကျေးရွာသူ (၇၅) ဦး ၊ စုစုပေါင်း( ၁၇၈ ) ဦးတက်ရောက်ခဲ့ပြီး မီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့် အကြောင်းအရာများကိုဆွေးနွေး အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, May 29, 2026 - 12:45