မိုင်းရှူးခရိုင်၊ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ

(၂၀.၆.၂၀၂၄)ရက်နေ့တွင်၊ မိုင်းရှူးခရိုင်၊ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ နားလင်လိုင် ကျေးရွာ၊ နားကန်း အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးဆောင်၍ (၂၀၂၄)ခုနှစ်၊ မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ မိုင်းနောင် တပ်နယ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်ဇော်ထွန်း ပါအရာရှိစစ်သည် (၂၀)ဦး၊ မိုင်းနောင်မြို့အုပ်ချုပ်ရေးမှူးပါဌာနဆိုင်ရာ(၇၀)ဦး၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦး၊ ရှမ်းစာပေယဥ်ကျေးမှုအသင်းနှင့်နမ့်ခုံး ပရဟိအသင်းမှ(၂၀)ဦး၊ စုစုပေါင်း (၂၁၀)ဦးခန့်ဖြင့် စိန်တံချူ(၂၃၀)ပင်၊ စိန်ပန်းပြာ(၁၀၀)ပင်၊ ချယ်ရီ(၁၀၀)ပင်၊ ခရေ(၁၅)ပင်၊ ကံ့ကော်(၁၅)ပင်၊ စုစုပေါင်း(၄၆၀)ပင် စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

date: 
Thursday, June 20, 2024 - 15:15