တွံတေးခရိုင်၊ကော့မှူးမြို့နယ်၊၂၀၂၄ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်(ပထမအကြိမ်)ကျင်းပ

(၂၀.၆.၂၀၂၄)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း ကျေးရွာအုပ်စု၊ လူငယ်သင်တန်းကျောင်းတွင် ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် (ပထမအကြိမ်)ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ထွေ/အုပ်မှ ဝန်ထမ်းများ၊သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး (၂)ပေနှင့်အထက် မန်ဂျန်ရှား ပျိုးပင်(၈၀၀)ပင်၊ စိန်ပန်းပျိုးပင်(၂၀၀)ပင်၊ ပျဉ်းမပျိုးပင်(၂၀၀)ပင်၊ ပျိုးပင်စုစုပေါင်း (၁၂၀၀)ပင် တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Saturday, June 22, 2024 - 12:15