အုတ်ဖိုမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
အုတ်ဖိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲအား (၂၇.၅.၂၀၂၆) ရက်နေ့၊ နံနက်(၀၉း၃၀ )အုတ်ဖိုမြို့နယ်အေးမြယာကျေးရွာအမှတ်(၃)ရပ်ကွက်ပုညကာရီ ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ကျား (၁၈)ဦး၊ မ (၁၁) ဦး၊ သစ်တောဦးစီးဌာနမှ ၀န်ထမ်း(၅)ဦး၊ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးအောင်ဇော်ထွန်းမှ သစ်တောထိန်းသိမ်းရေး၊ တရားမဝသစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဟောေပြာခြင်း၊ဦးစီးအရာရှိ ဦးငွေစိုးမှတောမီးကာကွယ်ရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ရေချွေတာရေး၊မီးခိုးမြူငွေ့လျှောချးေရးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြေင်း၊ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


