ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊မင်းကုန်းကျေးရွာအုပ်စု၊မင်းကုန်းကျေးရွာ၊ရွာဦးဓမ္မာရုံတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၊ ရွာဦးဓမ္မာရုံတွင် (၂၈.၅.၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ကိုလင်းပါ(၄)ဦး၊ ဒေသခံပြည်သူ စံပြကျေးရွာသူ/ကျေးရွာသားကျား(၄၀)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၅၇)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးတင်ကိုလင်းမှ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ် ဆိုင်ရာအကျိုးကျေးဇူးများအကြောင်း၊ မီးခိုးမြူငွေ့လျှော့ချရေးအတွက် Fire Hotspots များလျော့နည်းကျဆင်းအောင် အမှိုက်များ၊ ရိုးပြတ်တောများအား မီးရှို့ခြင်းများမပြုလုပ်ရန်နှင့်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ အကြောင်းတို့အား တက်ရောက်လာသည့် ဒေသခံပြည်သူများအား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


