သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း(ဒါဘာ)ကျင်းပ
(၂၉-၅-၂၀၂၆) ရက်၊ သောကြာနေ့၊ (၁၃:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ၂၀၂၆ ခုနှစ်၊ မေလအတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။





date:
Friday, May 29, 2026 - 19:45
