မြောင်းမြမြို့၊ မြစိမ်းရောင်တောင် သာသနာ့နယ်မြေ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ၂၀၂၄ခုနစ်(ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၂၂-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် မြောင်းမြမြို့၊ မြစိမ်းရောင်တောင် သာသနာ့နယ်မြေ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ၂၀၂၄ခုနစ်(ဒုတိယအကြိမ်)
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က
တက်ရောက်လာသူများအားပျိုးပင်များ ပေးအပ်ခဲ့ပြီး စုပေါင်း သစ်ပင်စိုက်ပျိုးကြပါသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား (၆၅၀)ဦးတက်ရောက်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ခရေ၊မယ်ဇယ် စသည်သစ်မျိုး(၁၅)မျိုး၊ ပျိုးပင်ပေါင်း (၁၂၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။ ဆက်လက်၍ မြစိမ်းရောင် တောင်သာသနာ့နယ်မြေမုခ်ဦး၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် ဇနီးတို့က ကံ့ကော်ပင်(၂)ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Sunday, June 23, 2024 - 18:15