ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တောထိန်းသိမ်းရေး၊ရေချွေတာရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
(၂၉.၅.၂၀၂၆)ရက်နေ့၊(၁၂:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊စမ်းချောင်းကျေးရွာ၊မူလတန်းကျောင်းတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးရဲကိုကိုစိုးမှ *သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ* ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၂)ဦး၊ စမ်းချောင်းကျေးရွာသား(၃၅)ဦး၊ကျေးရွာသူ(၃၀)ဦး၊စုစုပေါင်း (၆၇)ဦးတက်ရောက်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် တောအုပ်-ဦးရဲကိုကိုစိုးက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအကြောင်း၊သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ရာသီဥတုဖောက်ပြန်မှုများအကြောင်း၊ကမ္ဘာ့ဂေဟစနစ်အတွက် သစ်တောသယံဇာတနှင့် ရေသယံဇာတများ၏ အရေးပါပုံ၊သစ်တောသယံဇာတနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးမှုများ အကြောင်း၊သဘာဝပတ်ဝန်းကျင်၊သစ်တောသယံဇာတ၊ရေသယံဇာတထိန်းသိမ်းရေးနှင့်ရေချွေတာရေးနည်းလမ်းများနှင့်ငပုတောမြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောကာကွယ်ရေး၊ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

