ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်၊ ငါးပင်ကျေးရွာသွားလမ်းအနီး၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

(၂၂-၆-၂၀၂၄)ရက်နေ့ နံနက် (၀၇:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်၊ ငါးပင်ကျေးရွာသွားလမ်းအနီး၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တပ်ရင်းတပ်ဖွဲ့ တပ်ရင်းမှူး များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမင်းစိုးနိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရန် သစ်ပင်များပေးအပ်ခြင်း၊ တက်ရောက်လာသူများက သစ်ပင် စိုက်ပျိုးမည့် နေရာများတွင် နေရာယူ၍ ကျွန်း(၅၀၀)ပင်၊ စိန်ပန်းပြာ(၅၀၀)ပင်၊ မျောက်ငို (၅၀၀)ပင်၊ အော်ရီးရှား(၂၅၀)ပင်၊ ခါတော်မီ(၂၅၀)ပင် စုစုပေါင်း(၂,၀၀၀)ပင်တို့အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

date: 
Sunday, June 23, 2024 - 18:30