မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေး၊ ဆိုင်ရာအသိပညာပေးဟောပြောပွဲ''ကျင်းပ
(၂၉.၅.၂၀၂၆)ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် မုဒုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ကျောက်တစ်လုံးကျေးရွာ၊ အောင်မင်္ဂလာရွှေကျင်တိုက်ကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေး ဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဒေသခံကျေးရွာသူ/သားများ ကျား(၁၈)ဦး မ(၃၂)ဦးနှင့် သစ်တောဝန်ထမ်းကျား (၃)ဦး၊ စုစုပေါင်း (၅၃)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


date:
Monday, June 1, 2026 - 12:30
