မွန်ပြည်နယ် သစ်တောဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ ကျေးရွာသုံးထင်းစိုက်ခင်း(၂)ဧကတည်ထောင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ မွန်ပြည်နယ် သစ်တောဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ ကျေးရွာသုံးထင်းစိုက်ခင်း(၂)ဧကတည်ထောင် စိုက်ပျိုးပွဲ အခမ်းအနားအား ၂၂-၆-၂၀၂၄ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ အုပ်စု၊ ရဲပြားကုန်းကျေးရွာအနီး မလတ်တောင်ခြေမြေ နေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၄၃၀)ဦး တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှားပျိုးပင် (၂၄၂၀)ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Sunday, June 23, 2024 - 18:30