မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ မှိန်ကနိမ်းကျေးရွာ၊ ကော့ခဗွီးဓမ္မာရုံတွင်''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ''ကျင်းပ

(၂၉.၅.၂၀၂၆)ရက်နေ့၊ နေ့လည်(၂:၃၅) နာရီအချိန်တွင် မုဒုံမြို့နယ်၊သစ်တောဉီးစီးဌာနမှ မှိန်ကနိမ်းကျေးရွာ၊ ကော့ခဗွီးဓမ္မာရုံတွင်"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲ´´ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဒေသခံကျေးရွာသူ/သားများကျား(၂၁)ဦး မ(၃၂)ဦးနှင့် သစ်တောဝန်ထမ်းကျား (၃)ဦး၊ စုစုပေါင်း(၅၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, June 1, 2026 - 12:30