တီးတိန်မြို့နယ် ခိုင်ကမ်းမြို့အမှတ်(၁)ရပ်ကွက်ဓမ္မာရုံ၌သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားမြို့နယ်အဆင့်ကျင်းပ
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့အမှတ်(၁)ရပ်ကွက်ဓမ္မာရုံ၌(၃၀-၅-၂၀၂၆)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားမြို့နယ်အဆင့်ကျင်းပပြုလုပ်ခဲ့ရာ ခိုင်ကမ်းမြို့အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ(၄၈)ဦး၊သစ်တောဝန်ထမ်း(၇)ဦး စုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တီးတိန်မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီးဦးဇော်ဝင်းညွန့်မှသစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျှော့ချရေးနှင့်သစ်ပင်စိုက်ပျိူးပြုစုထိန်းသိမ်းခြင်းများအားအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ်ပြန်လည်ဖြေကြားခြင်း၊တက်ရောက်လာသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာဆောင်များနှင့် သစ်ပင်စိုက်ပျိူးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်သစ်ပင်စိုက်ပျိူးပြုစုထိန်းသိမ်းခြင်း video clip ပြသခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်းမှတ်တမ်းဓါတ်ပုံများနှင့်အတူတင်ပြအပ်ပါသည်။ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်မှုဖြစ်ပါကြောင်း သတင်းရရှိသည်။


