တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲမြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို(၃၁-၅-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ၌ ထားဝယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ရာကူးတို့ကျေးရွာနှင့် ရှမ္မတွင်းကျေးရွာတို့မှဒေသခံ ကျား(၂၅)ဉီး/အမျိုးသမီး(၁၃)ဉီး၊ စုစုပေါင်း(၃၈)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး၊ ဦးရဲဝင်းအောင်မှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



