ကျိုင်းတုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို ဇွန်လ ၂၃ ရက် နံနက် ၉:၃၀ နာရီက ကျိုင်းတုံမြို့ အမေ့ရင်ခွင်ကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးအောင်ကျော်ဦးက သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ သစ်တောများနှင့်ရေဝေရေလဲဒေသများထိန်းသိမ်းရေး ဆိုင်ရာသိကောင်း စရာများကိုလည်းကောင်း ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောဆာဝူက သစ်တောများပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့အန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း သစ်တောသုတေသနဌာန ရေဆင်း နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမူမူအောင်က ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောများ၏အခန်းကဏ္ဍဆိုင်ရာသိကောင်းစရာများ စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ(၈၆)ဦးအား အသိပညာပေးဟောပြော ခဲ့ပြီး သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးသည်။ ထို့နောက် အမေ့ရင်ခွင်ကျောင်းတော်တည်ထောင်သူ ဦးမင်းညို၊ အဖွဲ့ဝင်(အဖွဲ့ဝင်၂)၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)က ကျေးဇူး တင်စကားပြောကြားကြောင်း သိရှိရပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-62a4ee254e759260a4c42365b744f2b4-V.jpg?itok=eaEoBq16)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-640b605421228ecbba4ab53c9b3764b2-V.jpg?itok=0gadnODO)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-c43e47366fa6f906ef25806213fda70a-V.jpg?itok=Uw9KrPRE)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-f23924fd586beb9ca12f6fdacbde41df-V.jpg?itok=jV9-L_mE)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-59ed80590c0859c4d6267c6b135ef01a-V.jpg?itok=eRD2k5Bf)