မော်လမြိုင်ခရိုင်၊ရေးမြို့နယ်၊သစ်တောဉီးစီးဌာနမှ''သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးအသိပညာပေးဟောပြောပွဲကျင်းပ
(၂-၆-၂၀၂၆)ရက်နေ့၊နံနက်(၉:၃၀)နာရီအချိန်တွင် ရေးမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ဇီးဖြူသောင်ကျေးရွာ၊ ရတနာအောင်မြေကျောင်းတိုက်ဓမ္မာရုံ၌"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်ထင်းအစားထိုးစွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၇၂)ဦး မ (၅၀) ဦးနှင့် ရေးမြို့နယ် သစ်တော ဝန်ထမ်းကျား (၆)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၂၀)ဦး စုစုပေါင်း(၁၄၂)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ရေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရွှေနိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေး ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။




